
Windows ဆိုသည်မှာ computer တစ်လုံး၏ အရေးအကြီးဆုံးသော အစိတ်အပိုင်း တစ်ခုဖြစ်ပါသည်။ Windows တွင် Window 98, Window XP, Window Vista နှင့် Window 7 ဟူ၍ မျိုးစုံရှိပါသည်။ အသုံးပြုရာတွင် style များလှပခြင်း၊ အဆင်သင့်အသုံးပြုနိုင်သည့် Software များထည့်သွင်းပေးထားခြင်း စသည်ဖြင့် Window တစ်ခုနှင့်တစ်ခု မတူသော်လည်း အခြေခံအားဖြင့် Window တစ်ခု၏လုပ်ဆောင်ချက်များမှာ အားလုံးအတူတူပင်ဖြစ်ပါသည်။ တိတိကျကျပြောရမည်ဆိုပါက Window ဆိုသည်မှာ Microsoft မှ ထုတ်လုပ်ထားသည့် Operating System တစ်ခုပင်ဖြစ်ပါသည်။Operating System တွင် System ၂ မျိုးရှိပါသည်။ ၄င်းတို့မှာ DOS (Disk Operating System) နှင့် NOS (Network Operating System) ဟူ၍ဖြစ် ပါသည်။ DOS (Disk Operating System) တွင် သာမန်ကွန်ပျူတာမျာ၌ အသုံးပြုသည့် Window များဖြစ်သည့် Microsoft Window XP, Window Vista စသည်များနှင့် apple ၏ Window Mac အစရှိသည်တို့ပါဝင်ပါသည်။ NOS (Network Operating System) တွင်Microsoft Window Server, Linux, Novell’s Netwar စသည်ဖြင့် ပါဝင်ပါသည်။ များသောအားဖြင့် NOS များကို သာမန် Client ကွန်ပျူတာများတွင် အသုံးမပြုပဲ Server အဖြစ် အသုံးပြုသော ကွန်ပျူတာများတွင်သာ အသုံးပြုလေ့ရှိပါသည်။ ထူးခြားမှုတစ်ရပ်အနေဖြင့် Linux သည် ယခင်က Server များအတွက်သာရည်ရွယ်၍ ထုတ်လုပ် သော်လည်း ယခုအခါ Client များတွင်အသုံးပြုနိုင်ရန် Version ကိုပါထုတ်လုပ်နေပြီဖြစ်ပါသည်။ကွန်ပျူတာမှာ အသုံးပြုနေတဲ့ Window တွင် windows Genuine ဆိုပြီး အောက်ဖော်ပြပါ အတိုင်း Error Message တွေပေါ်လာခဲ့ရင် ပြုလုပ်ရန် နည်းလမ်းဖြစ်ပါသည်။

၁။ Window Task Manager ကိုခေါ်၍ Process သို့ဝင်ကာ wgatray.exe ကို End ပြုလုပ်ပေးရ ပါမည်။
၂။ ကွန်ပျူတာကို Restart ချကာ Safe Mode သို့ဝင်ရောက်ရပါမည်။ ( ကွန်ပျူတာကို Restart ချပြီးနောက် F8 ကို နှိပ်၍ Safe Mode သို့ဝင်ရောက်နိုင်ပါသည်။)
၃။ Safe Mode တွင် C:\Windows\System32\ သို့သွား၍ WgaTray.exe ကို Delet ရပါမည်။
၎။ ထို့နောက် ကွန်ပျူတာကို Restart ပေးလိုက်ပါက Window Genuine ပြဿနာကို ရှင်းလင်း ပြီးဖြစ်ပါသည်။ သို့ရာတွင် အချို့ ကွန်ပျူတာ များတွင် အထက်ပါအတိုင်းပြုလုပ်သော်လည်း ဖြေရှင်း ပေးနိုင်ခြင်းမရှိပါက အောက်ဖော်ပြပါအတိုင်းဆက်လက်လုပ်ဆောင်ရပါမည်။
၅။ အဆင့် ၃ ထိလုပ်ဆောင်ရပါမည်။ ထို့နောက် C:\Windows\System32\dllcache သို့သွား၍ WgaTray.exe ကို Delet ရပါမည်။
၆။ Registry Editor သို့ဝင်ရောက်ရပါမည်။ Start \ Run တွင် regedit ဟုရိုက်၍ ၀င်ရောက်ရပါ မည်။
၇။ Registry Editor တွင် HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\Winlogon\Notify သို့သွား၍ WgaLogon Folder ကို Delet ပြုလုပ်ပေးရပါ မည်။
၈။ ထို့နောက် ကွန်ပျူတာကို Restart ပေးပြီးနောက် Window ပြန်တက်လာသည့်အခါတွင် Window Genuine ပြဿနာကို ဖြေရှင်း ပြီးဖြစ်ပါသည်။
Computer တစ်လုံး ကိုယ်စီသုံး ပြုံးပြုံးရွှင်ရွှင်ရှိပါစေ......
0 comments:
Post a Comment